.
တောင်ကြီး၊ ဧပြီ ၂၅
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့တွင် ယမန်နေ့ ဧပြီလ ၂၄ ရက်က စိုက်ပျိုးသူ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများတွင်
အသုံးပြုရန်အတွက် စက်သုံးဆီများကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
.
.ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်ရှိ
ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးရုံးတွင် ယမန်နေ့ ဧပြီလ ၂၄ ရက်၊
နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စုအတွင်းရှိ ဧပြီလ
နွေစပါး စိုက် တောင်သူများအတွက် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိုသို့ ဖြန့်ဖြူးပေးရာတွင်
မိုင်းသော်အရှေ့ကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်တောင်သူ ၆၉ ဦး၏ လယ် ၂၇၆ ဧက
အတွက် တစ်ဧကလျှင် တစ်ဂါလံနှုန်းဖြင့် စုစုပေါင်း ၂၇၆ ဂါလံ ရောင်းချပေးခဲ့ခြင်း
ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့် စက်သုံးဆီများကို
တောင်သူများ လက်ဝယ်အရောက် လစဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းကို
ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ် ဆေးရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး
ဦးမင်းမင်း၊ တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဝင်း
နှင့် တောင်ကြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး၊
တောင်ကြီးမြို့နယ် မြေစာရင်းဦးစီးဌာနမှူး၊ ရွှေညောင်မြို့အုပ်ချုပ်ရေးမှူးတို့က
ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း မိုးစပါး စိုက်ဧက ၂
သောင်းခန့်ရှိပြီး ရွှေညောင်မြို့တွင် အများဆုံးတည်ရှိကာ အစေ့ထုတ်ပြောင်းဧက
တစ်သိန်းခန့်နှင့် မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာ စိုက်ပျိုးမှုများလည်း ရှိကြောင်း
သိရသည်။
.
#ShanGazette #ShweNyaung
.

No comments:
Post a Comment