.
တာချီလိတ်၊ ဇွန် ၁၄
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့
ဇွန်လ ၁၃ ရက်၊ ညနေပိုင်းက ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား
သေဆုံးကာ မောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်းကို ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။
.
.အဆိုပါ ယာဉ်မောင်းသည် ယမန်နေ့ ဇွန်လ ၁၃ ရက်၊ ညနေပိုင်းက
တာချီလိတ်မြို့၊ အားကစားရုံသွား မီးပွိုင့်ဘက်မှ ပုံလို့လမ်းဆုံမီးပွိုင့်ဘက်သို့
မောင်းနှင်လာစဉ် လားရာတူ ရှေ့မှ မောင်းနှင်နေသည့် နောက်ဆွဲ လှည်းပါ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ
အောင်နိုင်ဝင်း တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ပြင်းထန် ဒဏ်ရာများ
ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် Ford
Ranger ယာဉ်မောင်းမှာ ရပ်တန့်ခြင်းမပြုဘဲ ယာဉ်နှင့်အတူ
ထွက်ပြေးသွားခဲ့သဖြင့် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ
တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး CCTV မှတ်တမ်းများနှင့်
ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ် အား
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၃) လမ်းရှိ နေအိမ်တစ်အိမ်တွင် ယာဉ်မောင်းနှင်သူနှင့်
အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးသွားတဲ့
ယာဉ်နဲ့ယာဉ်မောင်းကို CCTV မှတ်တမ်းတွေ၊ သက်သေခံ
အထောက်အထားတွေအပေါ် အခြေခံပြီး အချိန်တိုအတွင်း
ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်" ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့်
စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ Ford
Ranger ယာဉ် မောင်းနှင်သူ စိုင်းအခုန်းအား တာချီလိတ်မြို့မ ရဲစခန်းတွင်
အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Tachileik #Accident
.

No comments:
Post a Comment