Sunday, June 14, 2026

🌸 မိုင်းပျဉ်းတွင် ငွေကျပ်သိန်း ၂၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

.

မိုင်းပျဉ်း၊ ဇွန် ၁၄

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့ ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်းပေါင်း ၂၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲ ခန့်က မိုင်းပျဉ်းမြို့၊ အောက်ဈေးတန်းရပ်ကွက်တွင် စိုင်းဦးဟောင် မောင်းနှင်ပြီး စိုင်းခမ်းလှ နှင့် ဝီးဝါလ တို့လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၈၅၀ အား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းဦးဟောင်၊ စိုင်းခမ်းလှ နှင့် ဝီးဝါလ တို့ ၃ ဦးအား မိုင်းပျဉ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #MongPying #Drugs

.

No comments:

Post a Comment