Monday, June 15, 2026

🌸 တာချီလိတ်မြို့၊ ဆန်ဆိုင်း အထက (ခွဲ) ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး

.

တာချီလိတ်၊ ဇွန် ၁၅

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဟောပြောပွဲတွင် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲသူရ သန့်ဇော်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆန်ဆိုင်း)ရှိ ကျောင်းအုပ် ဆရာကြီး ၊ ဆရာ ဆရာမများနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ ၂၅၀ ဦးတို့အား ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်မပိုရန်၊ ဆိုင်ကယ် ဦးထုပ်များ ဆောင်းရန်၊ မေးသိုင်းကြိုးကို စနစ်တကျတပ်ဆင်ရန်၊ ဆူညံ အိတ်ဇောတပ်၍ မောင်းနင်ခြင်းနှင့် အရှိန်ပြင်းစွာမောင်းနှင်ခြင်း မပြုရန်စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ တာချီလိတ်မြို့၌ ယာဥ်တိုက်မှုဖြစ်စဉ်များတွင် အရေးယူဆောင်ရွက် ထားရှိသည့်ဖြစ်စဉ်များကို ပါဝါပွိုင့်မှတ်တမ်းများဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် ဆရာ ဆရာများ၊ ကျောင်းသား ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးကြောင်း သိရသည်။

.

ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာများ ရရှိစေရေးတို့အတွက် အခြေခံအကျဆုံးဖြစ်သည့် ကျောင်းသား ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လေ့လာနိုင်ရန်နှင့် သိရှိလိုက်နာစေရန်ရည်ရွယ်ပြီး အဆိုပါ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment