.
လားရှိုး၊ ဇွန် ၁၅
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ
သူနာပြုသားဖွား သင်တန်းကျောင်းတွင် ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းက ပထမနှစ်
သူနာပြု-သားဖွား သင်တန်းသား/သင်တန်းသူ ၅၈ ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်း
အပ်နှင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ပြည်နယ်အစိုးရ
အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ပြည်နယ်
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းညွန့်ဦးတို့က
အမှာစကားများ ပြောကြား ခဲ့ကြောင်း သိရသည်။
.
ထို့နောက် သူနာပြုသင်တန်းကျောင်း၊ လားရှိုးမှ
ကျောင်းအုပ် (စီမံ) ဒေါ်နန်းခမ်းနွမ်းယု က သင်တန်းသား/သူ များအား ဆက်လက်၍
စာတွေ့ရော လက်တွေ့ပါ တတ်စွမ်းသရွေ့ လေ့လာသင်ယူကြစေလိုကြောင်း၊ မိမိ တို့၏ လက်တွင်
အသက်များစွာရှိသည်ကို သတိပြုရန်နှင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးစားသင်ယူ
ကြရင်း မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အရည်အသွေးပြည့်ဝ သော
သူနာပြု-သားဖွားကောင်းများ ဖြစ်လာစေရန် ကြိုစားအားထုတ်ကြစေလိုကြောင်း အမှာစကား
ပြောကြားခဲ့သည်။
.
ဆက်လက်ပြီး သူနာပြု-သားဖွားဒီပလိုမာ (၃)
နှစ်သင်တန်း၊ အပတ်စဉ် (၃၄) သစ်လွင် သင်တန်းသား/ သင်တန်းသူ ၅၈ ဦးတို့အား
ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပြီး သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုကာ ထူးချွန်
သစ်လွင် သင်တန်းသား/သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ သူနာပြု-သားဖွားဒီပလိုမာ (၃)
နှစ်သင်တန်း၊ အပတ်စဉ် (၃၄) သင်တန်းသို့ သင်တန်းသား ၄ ဦး၊ သင်တန်းသူ ၅၄ ဦး၊
စုစုပေါင်း ၅၈ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Lashio
.

No comments:
Post a Comment