.
တောင်ကြီး၊ ဇွန် ၁၀
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ကို ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
.
အစည်းအဝေးတွင် နားဖန်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) စိုင်းအောင်မြင့်က နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ထပ်နေသူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကိစ္စ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးတို့က ကြယ်ပွင့်ပြမေးခွန်း ၁၇ ခု မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် လွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ရှမ်းပြည်နယ်လွှတ်တော် စည်ပင်သာယာရေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီတို့ကို အတည်ပြု ဖွဲ့စည်းသွားရန် ရှိနေကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Hluttaw
.

No comments:
Post a Comment