Tuesday, June 9, 2026

🌸 အောင်ပန်းတွင် ထရန်စဖော်မာမှ ကြေးကြိုး ခိုးယူသည့်အမျိုးသား ဓာတ်လိုက်သေဆုံး

.

အောင်ပန်း၊ ဇွန် ၁၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ ဇွန်လ ၉ ရက်၊ ညနေပိုင်းက လျှပ်စစ် ထရန်စဖော်မာမှ မိုးကြိုးလွှဲ ကြေးကြိုးအား ဖြတ်တောက်ခိုးယူသည့် အမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ပစ္စုပ္ပန်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ထရန်စဖော်မာတွင် ယနေ့ ဇွန်လ ၉ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦး မီးတာပုံးများ ထားသော ထရန်စဖော်မာ ပေါ်ရှိ မိုးကြိုးလွှဲ ကြေးကြိုးအား ပလာယာဖြင့် ဖြတ်တောက်စဉ် ဓာတ်လိုက်သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် လူငယ် အမျိုးသားဖြစ်ပြီး ခန္ဓာကိုယ် မီးလောင်ကျွမ်း၊ ညိုမည်းဒဏ်ရာများဖြင့် ဓာတ်လိုက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်း သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #AungBan #Accident

.

No comments:

Post a Comment