Wednesday, June 17, 2026

🌸 တာချီလိတ်တွင် ငွေကျပ် သိန်းပေါင်း ၃၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

တာချီလိတ်၊ ဇွန် ၁၈

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇွန်လ ၁၅ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်းပေါင်း ၃၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၅ ရက်၊ ညနေ ၄ နာရီခွဲ ခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လော်ဖျော့ ငှားရမ်းနေထိုင်သည့် နေအိမ် အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၆၀၀၀၀၊ ခြံဝင်းအတွင်းရပ်တန့်ထားသည့် TOYOTA LEXUS အမျိုးအစား မော်တော်ယာဉ်ပေါ်မှ အိုက်စ် (မက်သ် အဖက်တမင်း) အလေးချိန် ၄၅ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ် ၃၈၂၅ သိန်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လော်ဖျော့ အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အမှုဖွင့်ပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Tachileik #Drugs

.

No comments:

Post a Comment