Saturday, June 13, 2026

🌸 တောင်ကြီးတွင် ဆိုင်ကယ်နှင့် CANTER ကား တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

.

တောင်ကြီး၊ ဇွန် ၁၄

.

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၁၃ ရက်၊ ညပိုင်းက CANTER ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

.

.

ကံကြီးရပ်ကွက်၊ တောင်ကြီး-ကျောက်တလုံးလမ်း၊ DENKO ဓါတတ်ဆီဆိုင်ရှေ့တွင် ယမန်နေ့ ဇွန်လ ၁၃ ရက်၊ ည ၁၀ နာရီခွဲခန့်က ကျောက်တလုံးဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသော CANTER အဖြူရောင်ယာဉ်သည် မျက်နှာချင်းဆိုင်မှ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နေ လူငယ်တစ်ဦး မောင်းနှင် လာသည့် CBR-150R အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး CANTER ယာဉ်မောင်းမှာ အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ လူငယ်အမျိုးသားတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ၊ ဝဲဒူးခေါင်း ကွဲဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အခြားသူအား အသက်သေဆုံးအောင် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ CANTER ယာဉ်မောင်းအား တောင်ကြီးမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ - ၂၇၉/၃၀၄ - က/၂၀၂ ဖြင့် ၂၆ အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Accident

.

No comments:

Post a Comment