Saturday, June 13, 2026

🌸 အောင်ပန်းမြို့တွင် လက်ကိုင်ဖုန်း ခိုးယူလာသူကို ဖမ်းမိ

.

အောင်ပန်း၊ ဇွန် ၁၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းက လက်ကိုင်ဖုန်း ခိုးယူလာသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၂ ရက်၊ ညနေ ၅ နာရီခွဲခန့်က နယ်မြေလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာ အောက်ဈေးအတွင်း ဖုန်း ၁ လုံး လိုက်လံရောင်းချနေကြောင်း သတင်းအရ သွားရောက်စုံစမ်းရှာဖွေရာ ဖုန်းလိုက်လံရောင်းချနေသူမှာ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက် နေ ရဲမာန်ထွန်း (ခ) ရဲရဲ ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလိုက်လံရောင်းချနေသည့် Redmi N0TE 15 အမျိုးအစား၊ အနက်ရောင်ဖုန်း၊ ကာလတန်ဖိုး ၇၅၀၀၀၀ ကျပ် နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိသည့်အပြင် အောင်ပန်းမြို့ပေါ်ရှိ အဆောက် အဦအတွင်း တစ်နေရာ ရာမှ ခိုးယူလာသည်ဟု မသင်္ကာ သဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ အဆိုပါ လက်ကိုင်ဖုန်း ခိုးယူလာသူ ရဲမာန်ထွန်း (ခ) ရဲရဲ ကို အောင်ပန်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #AungBan #Crime

.

No comments:

Post a Comment