Saturday, June 13, 2026

🌸 လွှတ်တော်ရုံး ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

.

တောင်ကြီး၊ ဇွန် ၁၃

.

ရှမ်းပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော်ရုံး သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်က အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ထို့နောက် ပညာသင်စရိတ်နှင့် ကျောင်းသုံစာရေးကိရိယာများ ထောက်ပံ့ပေးအပ်မှုနှင့် စပ်လျဉ်၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးက ကျောင်းသားမိဘများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က ဝန်ထမ်းသားသမီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။

.

အဆိုပါ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများ၏ သားသမီး မူကြိုအဆင့် ၂ ဦး၊ မူလတန်းအဆင့် ၁၁ ဦးနှင့် အလယ်တန်းအဆင့် ၁၀ ဦး၊ စုစုပေါင်း ၂၃ ဦး တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment