.
လွိုင်လင်၊ ဇွန် ၁၀
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ကမ္ဘောဇစံပြကျေးရွာ
(ခေါင်းနွဲ့) ရွာသစ်တွင် KBZ Foundation က လှူဒါန်းဆောက်လုပ်ခဲ့သော
မူလတန်းလွန်ကျောင်းသစ် ဖွင့်ပွဲကို ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.ကျောင်းဆောင်သစ် ဖွင့်ပွဲတွင် ကမ္ဘောဇအုပ်စု ကုမ္ပဏီလီမိတက်
ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်က နှုတ်ခွန်းဆက် စကား ပြောကြားပြီး KBZ Foundation နာယက က ပင်လုံ အထက (၁) ကျောင်းအတွက် လမ်းတိုးချဲ့ပြုပြင် နိုင်ရန် အလှူငွေကျပ်
သိန်း ၄၅၀ ကိုလည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါး တောင်ကျေးရွာတွင်
မိုးကြိုးထိမှန် သေဆုံးခဲ့သည့် နွားကောင်ရေ ၅၀ အတွက် တစ်ကောင်လျှင် ၇ သိန်းနှုန်း ဖြင့်
ငွေကျပ် သိန်း ၃၅၀ ကို လည်းကောင်း ပေးအပ်လှူဒါန်းကာ ခေါင်းနွဲ့၊ လွိုင်လင်၊ မိုင်းပွန်ဒေသများမှ
ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် KBZ Foundation နာယက
ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ကမ္ဘောဇစံပြရွာ(ခေါင်းနွဲ့)
မူလတန်းလွန်ကျောင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်း
ကမ္ဗည်းဆိုင်းဘုတ်နှင့် ကျောင်းဆောင်သစ် အား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ
ကျောင်းဝင်းအတွင်း အမှတ်တရ သစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
.
လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့ အနီးရှိ
ခေါင်းနွဲ့ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ရေကြီးရေလျှံမှုကြောင့်
ရွာလုံးကျွတ် ပျက်စီးခဲ့ပြီး လူ ၈ ဦး ခန့် သေဆုံးခဲ့ရာ ကမ္ဘောဇဖောင်ဒေးရှင်းက
အဆိုပါကျေးရွာကို အသစ် ပြန်လည် ထူထောင်ပြီး ကျေးရွာဆေးပေးခန်း၊ စာကြည့်တိုက်၊
အုပ်ချုပ်ရေးရုံးနှင့် စာသင်ကျောင်းတို့ကို လည်း လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် အဆိုပါရွာသစ်တွင် KBZ
Foundation က ၂၁ ပေ၊ ၂၉ ပေရှိသော ပျဥ်ထောင်သွပ်မိုးရေမီးစုံ အိမ်
၁၁၉ လုံး ဆောက်လုပ် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ယခု ဆောက်လုပ် လှူဒါန်းသော
မူလတန်းလွန်ကျောင်းသစ်ကို အလှူငွေ ကျပ်သိန်း ၃၃၆၀ အကုန်အကျခံက ကာ ၇၀ x ၃၀ ပေ၊ RCC ၂ ထပ် အဖြစ် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး
ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးခန့် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #LoiLem #KBZFoundation
.

No comments:
Post a Comment