.
တာချီလိတ်၊ ဇွန် ၁၈
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းမြို့မဈေးတွင်
ယနေ့ ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းက ပလတ်စတစ် ညစ်ညမ်းမှု လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ
ဖြန့်ဝေခဲ့ကြောင်း သိရသည်။
.
.ထိုသို့ ဖြန့်ဝေရာတွင် တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ဦးစီးအရာရှိ ဒေါ်အေးဝင်းသူနှင့် ဝန်ထမ်းများ၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ် နန့်ပေါ်လင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ
ပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ဈေးဝယ် ထွက်ရာတွင် လက်ဆွဲခြင်း၊
ထည့်စရာအိတ်များ ယူဆောင်အသုံးပြုကြရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့အပြင် တစ်ခါသုံးပလတ်စတစ်အိတ်များ
လျှော့ချအသုံးပြုနိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ စေရေးအတွက် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး
အသိပညာပေးလက်ကမ်းစာစောင်များနှင့် Recycled Bag ၁၅၀ တို့ကို
အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
ပလတ်စတစ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့်
ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျှော့ချနိုင်စေရန်နှင့် ပြည်သူများအနေဖြင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ယင်းကဲ့သို့ အသိပညာပေး
လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment