Thursday, June 18, 2026

🌸 ပင်းတယတွင် လက်ကိုင်ဖုန်းအတွင်း အွန်လိုင်း Slot ဂိမ်း တွေ့ရှိသူ အမျိုးသား ၂ ဦးကို ဖမ်းဆီး အရေးယူထား

.

ပင်းတယ၊ ဇွန် ၁၈

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဇွန်လ ၁၃ ရက်၊ ညနေပိုင်းက လက်ကိုင်ဖုန်းအတွင်း အွန်လိုင်း လောင်းကစား Slot ဂိမ်း တွေ့ရှိသည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

.

.

ပင်းတယမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၃ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်က လှည့်ကင်း ဆောင်ရွက်နေစဉ် ပိန္နဲကုန်းကျေးရွာရှိ ကွမ်းယာဆိုင်အနီးအရောက်၌ လမ်းလျှောက်လာသူ ပိန္နဲကုန်း ကျေးရွာနေ အမျိုးသားတစ်ဦး၏ လက်ကိုင်ဖုန်းအား စစ်ဆေးရာ ဖုန်းအတွင်း၌ Blue Water Fish အမည်ပါ လောင်းကစားဆော့ဝဲဖြင့် တရားမဝင် Slots ဂိမ်းအားအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ညောင်ကောက်ကျေးရွာနေ အခြားအမျိုးသားတစ်ဦး၏လက်ကိုင်ဖုန်းအား စစ်ဆေးရာ ဖုန်းအတွင်း ၌ Regal Fishing အမည်ပါ လောင်းကစားဆော့ဝဲဖြင့်  တရားမဝင် Slots ဂိမ်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လက်ကိုင်ဖုန်းအတွင်း အွန်လိုင်းလောင်းကစား Slot ဂိမ်းများ တွေ့ရှိသူ အမျိုးသား ၂ ဦးကို ပင်းတယမြို့မရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ ၁၅ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

.

#ShanGazette #PinDaYa #SlotGame

.

No comments:

Post a Comment