Thursday, June 18, 2026

🌸 NSPNC ကိုယ်စားလှယ်အဖွဲ့ အထူးဒေသ (၄) ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး

.

မိုင်းလား၊ ဇွန် ၁၈

.

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဇွန်လ ၁၇ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) (မိုင်းလား) တွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။

.

.

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC ကိုယ်စားလှယ် အဖွဲ့ကို အထူးဒေသ(၄) ငြိမ်းချမ်းရေး နှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် ခေါင်းဆောင်အစုအဖွဲ့က ကြိုဆိုခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို အလွတ်သဘော ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အထူးဒေသ (၄) က သတင်းထုတ်ပြန်ထားသည်။

🌸 တာချီလိတ် ဝမ်ကောင်းမြို့မဈေးတွင် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

.

တာချီလိတ်၊ ဇွန် ၁၈

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းမြို့မဈေးတွင် ယနေ့ ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းက ပလတ်စတစ် ညစ်ညမ်းမှု လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ဖြန့်ဝေရာတွင် တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးဝင်းသူနှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ် နန့်ပေါ်လင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ဈေးဝယ် ထွက်ရာတွင် လက်ဆွဲခြင်း၊ ထည့်စရာအိတ်များ ယူဆောင်အသုံးပြုကြရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

🌸 ပင်းတယတွင် လက်ကိုင်ဖုန်းအတွင်း အွန်လိုင်း Slot ဂိမ်း တွေ့ရှိသူ အမျိုးသား ၂ ဦးကို ဖမ်းဆီး အရေးယူထား

.

ပင်းတယ၊ ဇွန် ၁၈

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဇွန်လ ၁၃ ရက်၊ ညနေပိုင်းက လက်ကိုင်ဖုန်းအတွင်း အွန်လိုင်း လောင်းကစား Slot ဂိမ်း တွေ့ရှိသည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

.

.

ပင်းတယမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၃ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်က လှည့်ကင်း ဆောင်ရွက်နေစဉ် ပိန္နဲကုန်းကျေးရွာရှိ ကွမ်းယာဆိုင်အနီးအရောက်၌ လမ်းလျှောက်လာသူ ပိန္နဲကုန်း ကျေးရွာနေ အမျိုးသားတစ်ဦး၏ လက်ကိုင်ဖုန်းအား စစ်ဆေးရာ ဖုန်းအတွင်း၌ Blue Water Fish အမည်ပါ လောင်းကစားဆော့ဝဲဖြင့် တရားမဝင် Slots ဂိမ်းအားအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။