.
တာချီလိတ်၊ ဇွန် ၁၆
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဆောင်ရွက်လျက်ရှိသော
ရေချောင်း၊ ရေမြောင်း၊ ရေမြောင်းဖုံး နှင့် Slab Culvert လုပ်ငန်းများအား
ယနေ့ ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်း
သိရသည်။
.
.ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာချီလိတ်ခရိုင်
စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊
မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများက မကာဟိုခမ်းနှင့်
ပုန်းထွန်ရပ်ကွက် စပ်စံထွန်း လမ်းရှိ ရေနုတ်မြောင်းများအား
ရပ်ကွက်အတွင်းရှိပြည်သူများ၏ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်
နေသည့်လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းခွင်တာဝန်ရှိသူများက
ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်နေသည့်
ရေချောင်းတူးဖော်ခြင်း၊ ရေမြောင်း တည်ဆောက်ခြင်း၊ ရေမြောင်းဖုံးတပ်ဆင်ခြင်းနှင့် Slab
Culvert များ တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း
သိရသည်။
.
တာချီလိတ်မြို့၌ မိုးရာသီအတွင်း
ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ်များမှ
လျှော့ချနိုင်ရေးအတွက် မကာဟိုခမ်းရပ်ကွက်ရှိ နိုင်းနိုင်းချောင်း၊ ရေမြောင်းနှင့်
ရေမြောင်းဖုံးလုပ်ငန်းများ အပြင် Slab Culvert ၃ စင်း၊
ပုန်းထွန်ရပ်ကွက်ရှိ Slab Culvert ၅ စင်းတို့ကို
မိုးကာလမတိုင်မီ အပြီးသတ် ဆောင်ရွက်နိုင်ရေးကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment