.
လားရှိုး၊
ဇွန် ၁၆
.
လားရှိုးမြို့၊
ရပ်ကွက် (၅) တွင် ဇွန်လ ၁၃ ရက်၊ ညပိုင်းက အမျိုးသမီးတစ်ဦးကို ၎င်း၏
ခင်ပွန်းဖြစ်သူက ဒေါသအလျောက် ပီနံကြိုးဖြင့် လည်ပင်းကို ဆောင့်ဆွဲပြီး ဦးခေါင်းကို
ခုတင်နှင့် ဆောင့်ရိုက်ရာမှ သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.
.“အဲဒါ
အမှုဖွင့်ထားပါတယ်။ မိသားစု ဝိုင်းလုပ်တာ မဟုတ်ပါဘူး။ အမျိုးသမီးက ဆုံးသွားတော့
လည်ပင်း၊ ညာဘက်ပါးနဲ့ ဝဲ/ယာတင်ပါးမှာ အညိုကွက်တွေ ထွက်လာတယ်ဆိုလို့
ရဲစခန်းကိုခေါ်ပြီး ဆေးရုံပို့တယ်။ ဒဏ်ရာက မရှိဘူး။ အမဲကွက် ၄/၅ ခုပဲ တွေ့တယ်။
အဲဒါကြောင့် သေမှုသေခင်း ဖွင့်လိုက်တယ်။ နောက် သူတို့မိသားစုနဲ့ ပတ်ဝန်းကျင်ကို
ခေါ်စစ်လိုက်တော့ သူယောက်ျားက ဝန်ခံပါတယ်” ဟု တာဝန်ရှိသူတစ်ဦး က ပြောသည်။
.
အဆိုပါ
သေဆုံးသူ အမျိုးသမီးနှင့် ၎င်း၏ ခင်ပွန်း ဘရန်အောင် တို့သည် လားရှိုမြို့၊ ရပ်ကွက်
(၅)တွင် အိမ်ခန်းငှားနေထိုင်သူ များဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ စိတ်မူမမှန်ရောဂါ
ဖြစ်ပွားနေသူဖြစ်ကာ လွန်ခဲ့သည့် ရက် ၂၀ ခန့်ကတည်း က ည မအိပ်ဘဲ သောင်းကျန်းနေသဖြင့်
ကွတ်ခိုင်မြို့ရှိ အမျိုးသမီး၏ ဆွေမျိုးများကို ခေါ်ယူကာ ကွတ်ခိုင်မြို့သို့
ဆေးကုသရန် ထည့်ပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက်
ကွတ်ခိုင်တွင် ပယောဂဆရာဖြင့် ဆေးကုသပြီးနောက် မသက်သာဖြင့် ဇွန်လ ၁၁ ရက်တွင်
လားရှိုး မြို့သို့ ပြန်လည်ခေါ်ဆောင်လာပြီး ဖြစ်စဉ် ဖြစ်ပွားသည့်နေ့၊ ညနေ ၄
နာရီခန့်တွင် အမျိုးသမီး ဖြစ်သူက သောင်းကျန်းကာ ပန်းကန်လုံးဖြင့် ပစ်ခတ်သဖြင့်
ခင်ပွန်းဖြစ်သူ၏ ယာဘက် မျက်လုံးအောက်ကို ထိမှန်ကာ စိတ်တိုပြီး ဒေါသအလျောက်
ဇနီးဖြစ်သူ၏ လည်ပင်းကို ပီနံကြိုးဖြင့် ဆောင့်ဆွဲကာ ဆံပင်ဆွဲ၍ ခုတင်စောင်း ဖြင့်
ဦးခေါင်းကို ဆောင့်ခဲ့ခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူက ဝန်ခံထွက်ဆိုထားသည်ဟု
သိရသည်။
.
အဆိုပါ
အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူ ဘရန်အောင်ကို
လားရှိုးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
#ShanGazette #Lashio #Crime
.

No comments:
Post a Comment