.
အောင်ပန်း၊ ဇွန် ၁၆
.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇွန်လ ၁၄ ရက်၊
ညပိုင်းက လမ်းဖြတ်ကူးနေသူ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး ဝင်တိုက်သည့်ကားမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း
သိရသည်။
.
.အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊
ခေတ်လိုက် မီးပွိုင့်အနီးတွင် ဇွန်လ ၁၄ ရက်၊ ည ၈ နာရီကျော် ခန့်က
လမ်းဖြတ်ကူးနေသည့် စက်သုံးဆီဆိုင် ဝန်ထမ်း အမျိုးသမီးကို အောင်ပန်းဘက်မှ
ကလောမြို့ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် ယာဉ်တစ်စီးက
ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်မှာ မောင်းနှင်
ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတွင်
ဦးခေါင်းထိပ်ပေါက်ပြဲ ဒဏ်ရာ၊ မျက်နှာယာဘက်ခြမ်း ပွန်းခြစ် ပေါက်ပြဲဒဏ်ရာ ၊ ဝဲ/ယာ
လက်ဖျံ ပွန်းခြစ်ဒဏ်ရာ (စိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ကလောပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင် ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ မော်တော်ယာဉ်အား
မဆင်မခြင်မောင်းနှင်ပြီး လူဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးနေသူ ယာဉ်မောင်း
(စုံစမ်းဆဲ) အား အောင်ပန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉/၂၀၂ ဖြင့်
အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #AungBan #Accident
.

No comments:
Post a Comment