.
ဟဲဟိုး၊ ဇွန် ၁၉
.
ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ယနေ့ ဇွန်လ ၁၉
ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၈၀ ခန့်တန်ဖိုးရှိ ဆက်သွယ်ရေး
ဖိုင်ဘာကေဘယ်လ်ကြိုးများ ဖြတ်တောက် ခိုးယူခံခဲ့ရကြောင်း သိရသည်။
.
.ဟဲဟိုးမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ Max
ဆီဆိုင်ရှေ့တွင် ဖုန်းကြိုးများ ပျက်ကျနေသဖြင့် မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်း၊ ဟဲဟိုးမြို့မှ သွားရောက်စစ်ဆေးရာ ဖုန်းကြိုးများပျက်ကျနေသော Max
ဆီဆိုင်၏ ဘယ်ဘက်ခြမ်းရှိ ခြုံစပ်၌ မသင်္ကာဖွယ်လူငယ် ၂ ဦးကို
တွေ့ရှိသဖြင့် လိုက်လံကြည့်ရှုရာ ၎င်းတို့ ခိုးယူ သိမ်းဆည်းထားသော
မသင်္ကာဖွယ်အထုပ်အား ယူဆောင်ကာ ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် ဟဲဟိုးလေဆိပ်
လမ်းအတွင်းဘက်သို့ မောင်းနှင်သွားခဲ့ကြောင်း သိရသည်။
.
ယင်း အမည်မသိ လူငယ် ၂ ဦး အထုပ်ယူဆောင်သွားသည့်
နေရာအား သွားရောက်ကြည့်ရှုရာ ဖုန်းကြိုးများ ခွာယူထားသည့် ကေဘယ်လ်ကြိုး အခွံနှင့်
ကေဘယ်လ်ကြိုးများအား ပတ်ထားသည့် ပလပ်စတစ် အခွံများအား တွေ့ရှိခဲ့ပြီး ပျက်ကျနေသည့်
ဖုန်းကြိုးများအား ဆက်လက် စစ်ဆေးရာ ဟဲဟိုးမှ ဝါးရုံပင် ကျေးရွာသို့ ဆက်သွယ်ထားသော
နိုင်ငံတော်ပိုင် O/H Cable(70) Paire ဖုန်းကြိုး
၅၀၀ မီတာခန့်၊ ဟဲဟိုးမှ လေဆိပ်သို့ ဆက်သွယ်ထားသော နိုင်ငံတော်ပိုင် O/H
Fiber Cable ကြိုး ၂၀၀ မီတာခန့် နှင့် O/H Cable(50) Paire ဖုန်းကြိုး ၅၀၀ မီတာခန့်
ဖြတ်တောက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကာ ဖြတ်တောက် ခိုးယူခံရသည့် ဖုန်းကြိုးများ၏
စုစုပေါင်း တန်ဖိုးမှာ ကျပ်သိန်း ၈၀ ခန့် ရှိကြောင်း သိရသည်။
.
အဆိုပါ ဆက်သွယ်ရေး ဖိုင်ဘာကေဘယ်လ်ကြိုးများအား
ဖြတ်တောက်ခိုးယူသွားသည့် အမည်မသိ လူငယ် ၂ ဦးကို ဟဲဟိုးနယ်မြေရဲစခန်းတွင်
ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိ
ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette
#HeHo
.

No comments:
Post a Comment