.
တာချီလိတ်၊ ဇွန် ၁၉
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ
ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းက အခြေခံ ငါးမွေးမြူရေးနှင့်
ငါးဆေးထိုး သားဖောက်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
.သင်တန်းဖွင့်ပွဲတွင် တာချီလိတ်ခရိုင်
ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးသန်းထိုက်က ဒေသတွင်း
ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးမွေးမြူသူများ၏
နည်းပညာကျွမ်းကျင်မှု မြင့်မား လာစေရေး၊ ငါးမျိုးစိတ်များကို စနစ်တကျ
သားဖောက်ထုတ်လုပ်နိုင်စေရေးနှင့် ဒေသစားနပ်ရိက္ခာ ဖူလုံမှု အတွက် ငါးထုတ်လုပ်မှု
တိုးမြှင့်နိုင်စေရေးတို့ကို ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း
ရှင်းလင်း ပြောကြားခဲ့သည်။
.
ထို့နောက် တာဝန်ရှိသူများက
ငါးဆေးထိုးသားဖောက်နည်းစနစ်များကို သင်တန်းသား၊ သင်တန်းသူများအား
လက်တွေ့သရုပ်ပြသကာ ငါးမွေးမြူရေးဆိုင်ရာ အခြေခံနည်းပညာများကို စာတွေ့လက်တွေ့
ပို့ချပေးခဲ့ ကြောင်း သိရသည်။
.
အဆိုပါသင်တန်းကို ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ ၃ ရက်ကြာ
ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိကြောင်း
သိရသည်။
.
သင်တန်းမှတစ်ဆင့်
ဒေသခံငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ အနေဖြင့် ခေတ်မီ ငါးမွေးမြူရေး
နည်းပညာများကို လေ့လာအသုံးချနိုင်မည်ဖြစ်ကာ ဒေသ၏ ငါးထုတ်လုပ်မှုကဏ္ဍ
ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment