.
ပန်ဆန်း၊ ဇွန် ၁၉
.
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကိုယ်စား လှယ် အဖွဲ့သည်
ယမန်နေ့ ဇွန်လ ၁၈ ရက်က “ဝ” ဒေသ၊ ပန်ဆန်း မြို့သို့ သွားရောက်၍ UWSP/UWSA တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေး၊
စည်းလုံးညီညွတ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု WSTV
က ထုတ်ပြန်ထားသည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ UWSP/UWSA
ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြောင်း သိရသည်။
.
NSPNC ကိုယ်စားလှယ်အဖွဲ့သည် UWSP/UWSA နှင့် မတွေ့ဆုံမီ ဇွန်လ ၁၇ ရက်ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ
(၄) မိုင်းလားတွင် NDAA မိုင်းလားအဖွဲ့နှင့်
တွေ့ဆုံခဲ့သေးသည်။
.
Photo –
WSTV
.
#ShanGazette
#UWSA #NSPNC
.

No comments:
Post a Comment