.
တာချီလိတ်၊ ဇွန် ၂၀
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွား
ကားလမ်းတွင် ယနေ့ ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းက အိမ်စီးကားတစ်စီး ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီး
ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာအနီး၊
ကျိုင်းတုံ-တာချီလိတ် ကားလမ်းတွင် ယနေ့ ဇွန်လ ၂၀ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့တွင်းမှ
ဟွေခိုက်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် Crown အမျိုးအစား
မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူ ရှေ့မှ အမျိုးသမီးတစ်ဦး မောင်းနှင်နေသည့်
Wave-110 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတွင်
နဖူးပေါက်ပြဲဒဏ်ရာ၊ နားနှင့် နှာခေါင်းတို့မှ သွေးထွက် ဒဏ်ရာ၊ ယာဘက် လက်ကောက်ဝတ်ကျိုးဒဏ်ရာနှင့်
ယာခြေသလုံးကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်အား မဆင်မခြင် အရှိန်ပြင်း စွာ မောင်းနှင်ကာ
ရှေ့တွင် လမ်းမှန်အတိုင်း မောင်းနှင်နေသော ဆိုင်ကယ်အား နောက်မှဝင်ရောက်တိုက်မိပြီး
အခြားသူတစ်ဦး သေဆုံးစေခဲ့သူ Crown ကားမှ ယာဉ်မောင်း စိုင်းရှဲန်တစ်
အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Tachileik #Accident
.

No comments:
Post a Comment