Saturday, June 20, 2026

🌸 တာချီလိတ်တွင် အိမ်စီးကားတစ်စီး ဆိုင်ကယ်ကိုဝင်တိုက်ပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

.

တာချီလိတ်၊ ဇွန် ၂၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းတွင် ယနေ့ ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းက အိမ်စီးကားတစ်စီး ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာအနီး၊ ကျိုင်းတုံ-တာချီလိတ် ကားလမ်းတွင် ယနေ့ ဇွန်လ ၂၀ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့တွင်းမှ ဟွေခိုက်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် Crown အမျိုးအစား မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူ ရှေ့မှ အမျိုးသမီးတစ်ဦး မောင်းနှင်နေသည့် Wave-110 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

🌸 တာချီလိတ်တွင် တရားမဝင် ရွှေတူးဖော်နေသည့် တရုတ်နှင့် လာအိုနိုင်ငံသားများ ဖမ်းမိ

.

တာချီလိတ်၊ ဇွန် ၂၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ဝမ်လန်းကျေးရွာအနီးတွင် ယမန်နေ့ ဇွန်လ ၁၉ ရက်၊ နေ့လယ်ပိုင်းက တရားမဝင် ရွှေတူးဖော်နေသည့် တရုတ်နှင့် လာအိုနိုင်ငံသား ၁၉ ဦးအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းခြင်း များ သွားရောက်ဆောင်ရွက်ရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါ ကျေးရွာ၏ တောင်ဘက် မီတာ ၄၅၀ ခန့်အကွာနေရာ၌ ရွှေတူးဖော်ရန် ပြင်ဆင်နေသည့် ရွှေမျောဖောင် ၁ စင်းပေါ်မှ တရုတ်နိုင်ငံသား အမျိုးသား  ၁၁  ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးတို့အားလည်းကောင်း၊ အဆိုပါနေရာ၏ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာတွင် ရွှေမျောဖောင် ၁ စင်းပေါ်မှ တရုတ်နိုင်ငံသား ၆ ဦး၊ လာအိုနိုင်ငံသား ၁ ဦး၊ စုစုပေါင်း တရုတ်နိုင်ငံသား ၁၇ ဦးနှင့်  လာအိုနိုင်ငံသား ၂ ဦးတို့အား ဂက်စ်အိုး ၂ လုံး၊ လေအိုးအရှည် ၁၃ လုံး၊ ဒိုင်နမို ၂ လုံး၊ ရွှေတူးရာတွင်အသုံးပြုသည့် ရော်ဘာပြား    လိပ်၊   GUANXI YUCHAI ENGINE ဒိုင်နမိုတွဲ လျက် မီးစက် ၁ လုံး၊ အလျား ၁၂၀ ပေ၊  အနံ ၃၇ ပေ၊ အခန်း ၆ ခန်းပါ   ဆောက်လုပ်ဆဲရွှေမျောစင် ၁ ခု၊ STRAIONARY  DIESEL  ENGINE RATE POWER 250 ၁ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။