.
တာချီလိတ်၊
ဇွန် ၂၀
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ဝမ်လန်းကျေးရွာအနီးတွင် ယမန်နေ့ ဇွန်လ ၁၉
ရက်၊ နေ့လယ်ပိုင်းက တရားမဝင် ရွှေတူးဖော်နေသည့် တရုတ်နှင့် လာအိုနိုင်ငံသား ၁၉
ဦးအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်မြို့နယ်၊
ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီးတွင် တရားမဝင်
ရွှေတူးဖော်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က
နယ်မြေရှင်းလင်းခြင်း များ သွားရောက်ဆောင်ရွက်ရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါ
ကျေးရွာ၏ တောင်ဘက် မီတာ ၄၅၀ ခန့်အကွာနေရာ၌ ရွှေတူးဖော်ရန် ပြင်ဆင်နေသည့်
ရွှေမျောဖောင် ၁ စင်းပေါ်မှ တရုတ်နိုင်ငံသား အမျိုးသား ၁၁
ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးတို့အားလည်းကောင်း၊ အဆိုပါနေရာ၏
အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာတွင် ရွှေမျောဖောင် ၁ စင်းပေါ်မှ တရုတ်နိုင်ငံသား
၆ ဦး၊ လာအိုနိုင်ငံသား ၁ ဦး၊ စုစုပေါင်း တရုတ်နိုင်ငံသား ၁၇ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးတို့အား ဂက်စ်အိုး ၂ လုံး၊
လေအိုးအရှည် ၁၃ လုံး၊ ဒိုင်နမို ၂ လုံး၊ ရွှေတူးရာတွင်အသုံးပြုသည့် ရော်ဘာပြား ၁
လိပ်၊ GUANXI
YUCHAI ENGINE ဒိုင်နမိုတွဲ
လျက် မီးစက် ၁ လုံး၊ အလျား ၁၂၀ ပေ၊ အနံ ၃၇
ပေ၊ အခန်း ၆ ခန်းပါ
ဆောက်လုပ်ဆဲရွှေမျောစင် ၁ ခု၊ STRAIONARY DIESEL
ENGINE RATE POWER 250
၁ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ
တရားမဝင်ရွှေတူးဖော်ရာတွင်အသုံးပြုမည့် ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ
သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့်
ပြည်ပနိုင်ငံသားများအား ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment