Friday, June 12, 2026

🌸 ညောင်ရွှေမြို့နယ်၊ အုန္နဲပင်ရွာတွင် ကြက်တိုက်လောင်းကစားပြုလုပ်သူများကို ဖမ်းဆီး

.

ညောင်ရွှေ၊ ဇွန် ၁၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အုန္နဲပင်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်၊ နေ့လယ်ပိုင်းက ကြက်တိုက်လောင်းကစားပြုလုပ်သူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

.

.

ညောင်ရွှေမြို့နယ်၊ အုန္နဲပင်ကျေးရွာတွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ညောင်ရွှေမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာ၏ အရှေ့ဘက် ရွာအထွက်လမ်းဘေး၌ ထပ်အိမ်ဂူကျေးရွာနေ ဝင်းဦး၊ အုန္နဲပင်ကျေးရွာနေ မိုးကောင်းအေးနှင့် ကျောက်ရေအိုး ကျေးရွာနေ စိုးသန်းမင်း (ခ) မင်းမင်း တို့ ၃ ဦးအား ကြက်တိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် တိုက်ကြက်ဖ ၂ ကောင်၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဝင်းဦး၊ မိုးကောင်းအေးနှင့် စိုးသန်းမင်း (ခ) မင်းမင်း တို့ ၃ ဦးအား ညောင်ရွှေ မြိုမရဲစခန်းတွင် (ပ)၈၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #NyaungShwe

.

No comments:

Post a Comment