.
အောင်ပန်း၊ ဇွန် ၁၂
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊
ရွာသစ်ရပ်ကွက်တွင် ယနေ့ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦးအား ရေအနက် ၁၅ ပေခန့်ရှိ
ရေတွင်းတစ်ခုအတွင်း ပြုတ်ကျသေဆုံး နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
.သေဆုံးသူ အမျိုးသားသည် အောင်ပန်းမြို့၊ ကမ္ဘားနီကျေးရွာအုပ်စု၊
ညောင်ကုန်းကျေးရွာနေ ဦးမြင့်ဇော် ဆိုသူဖြစ်ပြီး ၎င်းသည် အရက် အလွန်အကျွံသောက်သောက်သုံးကာ
ဇွန်လ ၈ ရက်ကတည်းက နေအိမ်မှ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဆွေမျိုးများထံ
အလည်လာရာကနေ အရက်အလွန်အကျွံသောက်ပြီး ပြုတ်ကျသေဆုံးတယ်လို့ သိရပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက
ပြောသည်။
.
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်
သိရှိနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
#ShanGazette #AungBan #Accident
.

No comments:
Post a Comment