Friday, June 12, 2026

🌸ဟိုပုံးမြို့နယ်တွင် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်

.

ဟိုပုံး၊ ဇွန် ၁၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်များ၌ နေ့လယ်ပိုင်းအချိန် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။

.



.

တောင်ကြီး-ဟိုပုံး ဓာတ်အားလိုင်း၊ ဟိုပုံးနှင့် မိုင်းပွန် ဖီဒါ ဓာတ်အားလိုင်းများကို သစ်ပင်သစ်ကိုင်း ရှင်းလင်း ခြင်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ဇွန် ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ထိ ဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ကြေညာထားသည်။

.

ထို့ကြောင့် ဟိုပုံးမြို့၊ ကျောက်တန်းမြို့၊ မိုင်ပွန်မြို့များရှိ ရပ်ကွက် ၁၁ ကွက်နှင့် ကျေးရွာ ၁၀၆ ရွာသည် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #HoPong #Electricity

.

No comments:

Post a Comment