.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်
.
လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများနှင့်
ပတ်သက်၍ လွှတ်တော်က ဖွဲ့စည်း ထားသည့် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့်
တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက လိုအပ်သလို စိစစ်သွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ်လွှတ်တော်
စိုင်းလုံကျော်က ပြောဆို ခဲ့သည်။
.
.တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်
အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဇွန်လ ၁၂ ရက် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်
အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးအပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းတင်ပြရာတွင်
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီ ၁၀
ခုဖွဲ့စည်းရာတွင် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးမျှတစွာ ပါဝင်ပြီး
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ (မြောက်ပိုင်း)၊ (အရှေ့ပိုင်း)
အားလုံးပါဝင်စေရေးအတွက် စနစ်တကျနဲ့ အတည်ပြုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကာ လုပ်ငန်းတာဝန်လည်း
သတ်မှတ်ပေးထားပြီး ဖြစ်သည့်အတွက် ကော်မတီများ အနေဖြင့် လွှတ်တော်ရပ်နားထားစဉ်
ကော်မတီအလိုက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ထဲထဲဝင်ဝင် သိရှိအောင်လေ့လာပြီး
အားထုတ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မတီဝင်တွေအနေဖြင့်လည်း
မိမိသက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ပတ်သက်သည့် ဥပဒေ၊
နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို နားလည်သဘောပေါက်အောင် လေ့လာဆည်းပူးကြစေလိုကြောင်း
လွှတ်တော်ဥက္ကဋ္ဌက ဆက်လက် ပြောဆိုခဲ့သည်။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေးများကို ဇွန်လ ၉ ရက်မှ ဇွန်လ ၁၂ ရက်အထိ ၄ ရက်ကြာ
ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment