Saturday, April 11, 2026

🌸 ကလောတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းမိ

.

ကလော၊ ဧပြီ ၁၁

.

ကလောမြို့တွင် ယနေ့ ဧပြီလ ၁၁ ရက်၊ နေ့လယ်ပိုင်းက WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀ ပြားအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဧပြီလ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ Nature Land Hotel အနီး ဇောတိကလမ်း အရောက် တွင် ခြေလျင်လမ်းလျှောက်လာသူ လွမ်းဝေစိုး (ခ)ငလုံး ဆိုသူအား စစ်ဆေးရာ ၎င်း ဝတ်ဆင် ထားသော Supreme စာတမ်းပါ နီညိုရောင်ဂျင်းအင်္ကျီ၏ ဝဲဘက်အတွင်း အိတ်ကပ်ထဲမှ Red & Blue ဆေးလိပ်ဘူးခွံ အတွင်း ပလပ်စတစ်အကြည်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅၀ ပြား၊ အလေးချိ ၄ ဒသမ ၅ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Friday, April 10, 2026

🌸 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ ကတိသစ္စာပြု

.

တောင်ကြီး၊ ဧပြီ ၁၀

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ ဧပြီလ ၁၀ ရက်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ လွှတ်တော်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များက ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေး သတ္တမနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသော စိုင်းထိန်စိုးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က ကတိသစ္စာ ပြုခဲ့သည်ဟု သိရသည်။

Thursday, April 9, 2026

🌸 ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ အမည်စာရင်းကို ရှမ်းလွှတ်တော်တွင် အတည်ပြု

.

တောင်ကြီး၊ ဧပြီ ၉

.

ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၏ အလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြအတည်ပြုချက် ရယူခဲ့သည်ဟု သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ ဆဋ္ဌမနေ့ကို ယနေ့ ဧပြီလ ၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူက ရှမ်းပြည်နယ်အတွင်းရှိ အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အမည်စာရင်းကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်သည်။

Wednesday, April 8, 2026

🌸 တောင်ကြီးတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၈

.

​ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို၊ ​ရွှေ​တောင်ရပ်ကွက်၊ နယ်မြေ (၁၁) ရှိ နေအိမ်တစ်လုံးတွင် ယ​နေ့ ​ဧပြီလ ၈ ရက်၊ ည ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မီး​လောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်များ၊ ပုဂ္ဂလိက ရေကားများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရ သေးချေ။

🌸 ရှမ်းမြောက်မှ မန္တလေးသို့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၉၉ သိန်းကျော်နှင့် ဘိန်းဖြူများ ဖမ်းမိ

.

တောင်ကြီး၊ ဧပြီ ၈

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှ မန္တလေးမြို့သို့ ရောင်းချရန် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ် ဆေးပြား ၉၉ သိန်းကျော်နှင့် ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၆ ရက် နံနက် ၈ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၈ x ၁၂၉ လမ်းကြား၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူများဖြစ်သည့် အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာတို့အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ ၎င်းတို့၏နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ ဒသမ ၂၂ သိန်းပြားနှင့် ဘိန်းဖြူ ၅ ဒသမ ၅ ကီလို ဂရမ်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, April 7, 2026

🌸 ရှမ်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အကြီးအကဲများအား လွှတ်တော်တွင် အတည်ပြု

.

တောင်ကြီး၊ ဧပြီ ၇

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့အား ယနေ့ ဧပြီလ ၇ ရက်၊ နံနက်ပိုက်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် အကြီးအကဲများ၏ အမည်စာရင်းကို အတည်ပြုခဲ့သည်ဟု သိရသည်။

.


.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ စိုင်းထိန်စိုး က ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးဌာနများနှင့် ဝန်ကြီးများ၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Monday, April 6, 2026

🌸 ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း ဖမ်းမိ

.

ကျိုင်းတုံ၊ ဧပြီ ၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ နောင်ရှဲန်ကျေးရွာအနီးတွင် ဧပြီလ ၄ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်းအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ ဧပြီလ ၄ ရက်၊ နေ့လယ် ၁ နာရီခွဲ ခန့်က ကျိုင်းတုံမြိုနယ်၊ နောင်ရှဲန်ကျေးရွာအနီးတွင် ကျအူ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် အမျိုးသားအလောင်း တွေ့ရှိ

.

တောင်ကြီး၊ ဧပြီ ၆

.

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအနီးတွင် ယနေ့ ဧပြီလ ၆ ရက်၊ နံနက် ၉ နာရီခွဲခန့်က အမျိုးသား အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီး - ကျောက်တစ်လုံးလမ်းနှင့် အဝေရာ မီးပုံးပျံကွင်း ကြားရှိ ရေဆိုးမြောင်း ဘေးတွင် အမျိုးသားတစ်ဦးအား ပြင်ပဒဏ်ရာ မရှိဘဲ ပက်လက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထိန်စိုးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရန် ရှမ်းလွှတ်တော် အတည်ပြု

.

တောင်ကြီး၊ ဧပြီ ၆

.

ရှမ်းပြည်နယ်လွှတ်တော်၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ် (၂) စိုင်းထိန်စိုးကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

.

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်ခံရသူ စိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော် ရပ်စောက် မြိုနယ် အချိုးကျကိုယ်စားပြု (PR) ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူဖြစ်သည်။

Sunday, April 5, 2026

🌸 ဟဲဟိုး ဖောင်းသင်ရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

.

ကလော၊ ဧပြီ ၅

.

ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဖောင်းသင်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ ညပိုင်းက အသက် ၁၈ နှစ်အရွယ်ခန့်ရှိ လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူ လူငယ်မှာ ကလောမြို့နေ မောင်ဇင်မင်းသန့် ဆိုသူဖြစ်ပြီး ယမန်နေ့ည ၈ နာရီခန့်က သမီးရည်းစားကိစ္စ တယ်လီဖုန်း ပြောဆိုပြီးနောက် ဖောင်းသင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အဆောက်အဦတစ်ခုအနီးတွင် ကြိုးဆွဲချ သတ်သေခြင်းဖြစ်ကြောင်း သိရသည်။

Saturday, April 4, 2026

🌸 မိုင်းပန်-မိုင်းဆတ်ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

.

မိုင်းပန်၊ ဧပြီ ၅

.

မိုင်းပန်-မိုင်းဆတ်ကားလမ်းတွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ နေ့လယ်ပိုင်းက ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။

.

.

မိုင်းပန်-မိုင်းဆတ် ကားလမ်း၊ ရွာသာယာကျေးရွာ၊ မိုင်တိုင်အမှတ် (၁၀၃/၄) နှင့် (၁၀၃/၅) ကြားတွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲ ခန့်က ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၃ ဦး အနက် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးတွင် တွဲကားတစ်စီး စားသောက်ဆိုင်ကို ဝင်တိုက်

.

တောင်ကြီး၊ ဧပြီ ၄

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ယနေ့ ဧပြီလ ၄ ရက်၊ နံနက်ပိုင်းက အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ကာ ရပ်နားထားသည့် တွဲကားတစ်စီး ဘရိတ်ပြုတ်ကာ စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၃) မြို့ရှောင်လမ်းဘက်တွင် ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၉ နာရီခွဲခန့်က ကုန်တင်တွဲကားတစ်စီးသည် ရပ်နားထားစဉ် ဘရိတ်ပြုတ်ပြီး လိမ့်ဆင်းသွားရာမှ ပန်းချယ်ရီအကြော်စုံနှင့် ကဖေးဆိုင်ကို ဝင်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Friday, April 3, 2026

🌸 တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ထရန်စဖော်မာ မီးလောင်မှုဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၃

.

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၁)၊ အောင်သပြေလမ်းရှိ လျှပ်စစ်ထရန်စဖော်မာတွင် ယနေ့ ဧပြီလ ၃ ရက်၊ နေ့လယ်ပိုင်းက ရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

တောင်ကြီးမြိုနယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနပိုင် လျှပ်စစ်ထရမ်စဖော်မာ၏ ကေဘယ် ကြိုးရှော့ဖြစ်ရာမှတစ်ဆင့် ထရမ်စဖော်မာမိန်းခုံနှင့် အနီးရှိ အမှိုက်များအား မီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကို မီးသတ်ဦးစီးဌာန၊ တောင်ကြီးမြိုနယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။

Wednesday, April 1, 2026

🌸 တောင်ကြီးမြို့၊ ဂနိုင်ရွေးရွာတွင် နေအိမ်တစ်လုံး မီးလောင်

.

တောင်ကြီး၊ ဧပြီ ၂

.

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ဂနိုင်ရွေးရွာရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဧပြီလ ၂ ရက်၊ နံနက်ပိုင်း က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“လူမနေတဲ့အိမ်လို့တော့ သိရပါတယ်။ ဘာကြောင့်လောင်လဲ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

🌸 ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ ထောင် ဖမ်းမိ

.

ကျိုင်းတုံ၊ ဧပြီ ၂

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဝမ်ကျွမ်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၆ ထောင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီလ ၁ ရက်၊ နေ့လယ် ၂ နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်ကျွမ်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ် ၄၂ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးမြို့၊ ကံကြီးနှင့် ရေအေးကွင်းတို့တွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၁

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နှင့် ရေအေးကွင်းရပ်ကွက်တို့တွင် ယမန်နေ့ညနေပိုင်း နှင့် ယနေ့နံနက်ပိုင်းတို့က တောမီးလောင်ကျွမ်းမှု တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဓာတုဝိနယရာဇာမုနိစေတီတော်အနီးတွင် ယမန်နေ့ မတ်လ ၃၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကိုင်းတော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tuesday, March 31, 2026

🌸 တောင်ကြီး နာရီစင်ညဈေး နေရာတွင် ၇ ထပ် အဆောက်အဦ ဆောက်လုပ်သွားမည်

.

တောင်ကြီး၊ မတ် ၃၁

.

တောင်ကြီးမြို့မဈေးတောင်ဘက်၊ တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေးတန်း နေရာတွင် အဆင့်မြင့် ကားပါကင်နှင့် ခေတ်မီဈေး ပါဝင်သော ၇ ထပ်အဆောက်အဦကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ယာဉ်ရပ်နားစခန်း အဆောက်အဦ ဆောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုပွဲကို ယနေ့ မတ်လ ၃၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Monday, March 30, 2026

🌸 တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် သင်္ကြန်မဏ္ဍပ် ၉ ခု ဆောက်လုပ်သွားမည်

.

တောင်ကြီး၊ မတ် ၃၀

.

၁၃၈၇ ခုနှစ်၊ တောင်ကြီးမြို့တော် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရေးမဏ္ဍပ်များအဖြစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်၌ မဏ္ဍပ် ၉ ခု ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

“မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ ယိမ်းအကပြိုင်ပွဲတွေ၊ ဒေသခံအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တောင်ကြီးမြို့ပေါ်မှာ ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ် ၉ ခု ဆောက်လုပ်ဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ပြောသည်။

🌸 ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးရာကော်မတီ အပါအဝင် ကော်မတီ ၄ ခုကို အတည်ပြုဖွဲ့စည်း

.

တောင်ကြီး၊ မတ် ၃၀

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ မတ်လ ၃၀ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် အစည်းအ‌ဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးတွင် ဥပဒေ ပြုရေးရာကော်မတီ အပါအဝင် ကော်မတီ ၄ ခုကို အတည်ပြု ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

.

.

အဆိုပါကော်မတီများမှာ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီနှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာစိစစ်ရေး ကော်မတီတို့ဖြစ်ပြီး ကော်မတီများနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

Sunday, March 29, 2026

🌸 လားရှိုးတွင် မီးလောင်မှု ဖြစ်ပွား

.

လားရှိုး၊ မတ် ၃၀

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁) တွင် ယမန်နေ့ မတ်လ ၂၉ ရက်၊ ညပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက်၊ နယ်မြေ (၁၆) လမ်းမတော်လမ်းတွင် ယမန်နေ့ မတ်လ ၂၉ ရက်၊ ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ လားရှိုးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Saturday, March 28, 2026

🌸 ညောင်ရွှေမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအား ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က ထောက်ပံ့

.

တောင်ကြီး၊ မတ် ၂၉

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ တုံးလည်ကျေးရွာအုပ်စု၊ တောင်ပို့ကြီး ကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၃ စုတို့အား ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က ယမန်နေ့ မတ်လ ၂၈ ရက်တွင် စားနပ်ရိက္ခာနှင့် အလှူငွေများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

ညောင်ရွှေမြို့နယ် အောင်စီဂျင်နှင့် လူမှုကူညီရေးအသင်း၏ တင်ပြအကူအညီတောင်းခံလာချက်အရ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က မီးဘေးသင့် မိသားစု ၃ စုအတွက် ဆန် ၆ ပြည် ၅ အိတ်၊ ဆီ (၅၀)သား ၅ ဘူး၊ ငါးသေတ္တာ ဘူး ၃၀၊ ဘာလချောင်ကျော် အထုပ် ၃၀၊ ခေါင်းအုံး ၉ လုံး၊ ခြင်ထောင် ၃ လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၅၃၇၅၀၀ ကျပ်အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

Thursday, March 26, 2026

🌸 တောင်ကြီးတွင် ဂက်စ်မီးဖိုပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်

.

တောင်ကြီး၊ မတ် ၂၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်းထောင့်၊ မြတ်သူ စက်သုံးဆီဆိုင်အနီးရှိ နေအိမ်တစ်လုံး ယနေ့ မတ်လ ၂၇ ရက် ၁၀ နာရီခွဲခန့်က နေအိမ် မီးဖိုချောင်ရှိ ဂက်စ်အိုး ပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“အိမ်နဲ့ ဆိုင်ကယ်တော့ မီးလောင် ပျက်ဆီးတာ တွေ့ရတယ်။ လူတွေ ဘာတွေတော့ ထိခိုက်တာ မရှိပါဘူး” ဟု မီးလောင်ရာ နေရာသို့ သွားရောက် ကူညီသူ တစ်ဦးက ပြောသည်။

🌸 တောင်ကြီးမြို့နယ်၊ မဲသောင်းကျေးရွာတွင် ဝါးရုံတောမီးလောင်

.

တောင်ကြီး၊ မတ် ၂၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာတွင် ယမန်နေ့ မတ်လ ၂၆ ရက်၊ ညနေပိုင်းက ဝါးရုံတောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က ဝါးရုံတော၌ တောမီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ တောင်ကြီး ခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/ကျေးရွာသားများဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

🌸 တောင်ကြီးမှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ပျောက်ဆုံးနေ

.

တောင်ကြီး၊ မတ် ၂၆

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး မတ်လ ၂၄ ရက်၊ ညပိုင်းက ကရင်မရေထွက်အနီးသို့ သွားရောက်ရာမှ ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

“၂၄ ရက်၊ ညပိုင်းက အလုပ်ကနေ အစောကြီးပြန်လာပြီးတော့ ပိုက်ဆံတစ်သောင်းတောင်းပြီး သူငယ်ချင်း တွေနဲ့ အပြင်ပြန်ထွက်သွားတာပါ။ ပြီးတော့ သူငယ်ချင်းတွေက ပြန်လာပြီး သူတစ်ယောက်ထဲ ကရင်မ ရေထွက်ဘက်ကို ဆက်သွားရင်းနဲ့ အပြန်မှာ ပျောက်သွားတာပါ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

🌸 တာချီလိတ်တွင် ဆိုင်ကယ်ခိုးသူ ၄ ဦးကို ဖမ်းမိ

.

တာချီလိတ်၊ မတ် ၂၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ မတ်လ ၂၅ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ်ခိုးယူသူ ၄ ဦးကို ခိုးရာပါမော်တော်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ ဆောင်းဦး (ခ) သားပုအား တရုတ်နိုင်ငံထုတ် Kenbo Click အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Wednesday, March 25, 2026

🌸 လွှတ်တော် ရေးရာကော်မတီ ၄ ခု၏ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်း

.

တောင်ကြီး၊ မတ် ၂၆

.

ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် က လွှတ်တော်ရေးရာကော်မတီ ၄ ခု၏ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သည်ဟု သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး၊ ဒုတိယနေ့ကို ယနေ့ မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေး၌ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ကော်မတီတစ်ခုချင်းစီ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် အမည်စာရင်း တို့ကို လွှတ်‌တော်သို့ ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်သည်။

Tuesday, March 24, 2026

🌸 ဟဲဟိုးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

.

ဟဲဟိုး၊ မတ် ၂၄

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်တောင်ကျေးရွာအုပ်စု၊ ပေါပဲကျေးရွာ အနီးတွင် ယ‌နေ့ မတ်လ ၂၄ ရက်၊ ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သီခေါင်တောင်ကျေးရွာအုပ်စု၊ ပေါပဲပင်ကျေးရွာအနီး၊ ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၇/၅)နှင့် (၈၇/၆)ကြား တွင် ယနေ့ ညနေ ၅ နာရီခွဲခန့်က ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ကားအတွင်း လူ ၂ ဦး ညှပ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်း စာအုပ် စတင်မိတ်ဆက်

.

တောင်ကြီး၊ မတ် ၂၄

.

ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်း စာအုပ် မိတ်ဆက်ပွဲကို ယနေ့ မတ်လ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် တာဝန်ရှိသူများက ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်း စာအုပ်နှင့် ပတ်သက်၍ အမှာ စကားများ အသီးသီး ပြောကြားခဲ့သည်။

Monday, March 23, 2026

🌸 ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၈၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းမိ

.

ကွန်ဟိန်း၊ မတ် ၂၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်တွင် မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၈၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ်လ ၁၉ ရက်၊ နံနက် ၇ နာရီခွဲခန့်က ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန်ကျေးရွာအနီး၊ ကွန်ဟိန်း-ခိုလမ်သွားကားလမ်းတွင် မော်တော်ယာဉ် များအား စစ်ဆေးရှာဖွေစဉ် စိုင်းလိန်ခမ်း မောင်းနှင်ပြီး စိုင်းဆိုင်ဝမ်း လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၀၀ တုံး၊ အလေးချိန် ၇၀ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၄၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Sunday, March 22, 2026

🌸 တောင်ကြီး-ပင်ငို သွားလမ်းတွင် အမျိုးသား ၂ ဦး ဓါတ်လိုက်သေဆုံး

.

တောင်ကြီး၊ မတ် ၂၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ တောင်ကြီး-ပင်ငိုသွားလမ်းတွင် ယနေ့ မတ်လ ၂၂ ရက်၊ ညနေ ၃ နာရီခန့်က အမျိုးသား ၂ ဦး ဓါတ်လိုက်သေဆုံးခဲ့ ကြောင်း သိရသည်။

.


.

တောင်ကြီးမြို့နှင့် ၅ မိုင်ခန့်အကွာ၊ တောင်ကြီး-ပင်ငိုသွားလမ်းရှိ တောင်ကြီး-ဟိုပုံး သွယ်တန်းထားသည့် ဗို့အား ၁၁၀၀၀ ရှိ လျှပ်စစ်ဓာတ်မီးတိုင်မှ မီးကြိုးတစ်ချောင်းသည် လေတိုက်ခတ်မှုကြောင့် မြေပြင်နှင့် ၃ ပေ အကွာအထိ လျှော့ကျနေချိန်တွင် ပင်ငိုကျေးရွာနေ ခွန်ကျော်ထူး မောင်းနှင်ပြီး ခွန်ဖြိုးအောင် လိုက်ပါစီးနင်း လာသည့် မော်တော်ဆိုင်ကယ်သည် လျှပ်စစ်ဓါတ်ကြိုးအား ဝင်ရောက်ချိတ်မိရာမှ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်၊

🌸 တာချီလိတ်တွင် အိုက်စ် မူးယစ်ဆေး ကီလို ၂၆၀ ခန့် ဖမ်းမိ

.

တာချီလိတ်၊ မတ် ၂၂

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးတွင် ယနေ့ မတ်လ ၂၂ ရက်၊ နံနက်အစောပိုင်းက ငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံ ခန့်တန်းဖိုးရှိ အိုက်စ် မူးယစ်ဆေး ၂၆၀ ကီလိုဂရမ် ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်နေသည့်နေရာ၌ ယနေ့ မတ်လ ၂၂ ရက်၊ နံနက် ၂ နာရီ ၃၅ မိနစ်ခန့်က မသင်္ကာဖွယ်ရာ လူတစ်စု အနက်ရောင် အိတ်များအား မြေထိန်းနံရံကိုကျော်၍ ကြိုးဖြင့်ချိတ်ဆွဲချကာ မယ်ဆိုင်ချောင်းကို ဖြတ်၍ ထိုင်းနိုင်ငံ ဘက်သို့ပို့ရန် ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေရာ စိုင်းမောင်ဝမ်း (ခ)ဝမ်းဝမ်း နှင့်အတူ အိတ် ၁ လုံးလျှင် အထုပ် ၂၀ နှုန်းဖြင့် အိုက်စ် ၂၀ ကီလိုဂရမ်ခန့်ပါ အိတ် ၁၃ လုံးအတွင်းမှ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့်၊ ခန့်မှန်းငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါး (အိုက်စ်)များအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Saturday, March 21, 2026

🌸 တောင်ကြီးတွင် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေ

.

တောင်ကြီး၊ မတ် ၂၁

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရှမ်းပြည်နယ်လွှတ်တော်ခန်းမနှင့် ရှမ်းပြည်နယ်ယဉ်ကျေးမှု ပြတိုက်ကြားတွင် မဏ္ဍပ်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Friday, March 20, 2026

🌸 တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရ

.

တောင်ကြီး၊ မတ် ၂၁

.

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်ရှေ့တွင် ခေတ္တရပ်နားထားသည့် ဆိုင်ကယ်တစ်စီး ယမန်နေ့ မတ်လ ၂၀ ရက်၊ ညပိုင်းက ခိုးယူခံခဲ့ရကြောင်း သိရသည်။

.

.

သစ်တောရပ်ကွက်၊ အထက (၁) ကျောင်းအနီးရှိ Mini sushi ဆိုင်ရှေ့တွင် ရပ်ထားသည့် HONDA အဖြူရောင် မော်တော်ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

🌸 အောင်သပြေတွင် လမ်းချော်ကာ ယာဉ်တိုက်မှုဖြစ်ပွား

.

တောင်ကြီး၊ မတ် ၂၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်တွင် ယနေ့ မတ်လ ၂၀ ရက်၊ ညနေပိုင်းက မိုးရွာသွန်းသဖြင့် လမ်းချော်ကာ ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီး ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ စွယ်တော်လမ်းခွဲတွင် ယနေ့ မတ်လ ၂၀ ရက်၊ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က အတက်လမ်းမှကားသည် လမ်းချော်ပြီး အဆင်းလမ်းဘက်သို့ ရောက်ရှိကာ တစ်ဘက် အဆင်း လမ်းမှ ဆင်းလာသည့် ကားနှင့် ဝင်ရောက်တိုက်မိခဲ့ပြီး နောက်မှ ကပ်လိုက်လာသည့် ဆိုင်ကယ်တစ်စီးနှင့် ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိဥသည်။

🌸 ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် စိုင်းလုံကျော် ရွေးချယ်တင်မြှောက်ခံရ

.

တောင်ကြီး၊ မတ် ၂၀

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် စိုင်းလုံကျော် ကို ရှမ်းပြည်နယ်လွှတ်တော်က ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ပထမ‌နေ့ကို ယနေ့ မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Wednesday, March 18, 2026

🌸 ကျိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်း ကီလို ၄၀ ကျော် ဖမ်းမိ

.

ကျိုင်းတုံ၊ မတ် ၁၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မတ်လ ၁၇ ရက်၊ ညပိုင်းက ဘိန်းစိမ်းအလေးချိန် ကီလို ၄၀ ကျော်အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်က သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် အပေါ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင် လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၄၀ ဒသမ ၅ ကီလို၊ ဒေသကာလတန်ဖိုး ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရှမ်းယူနိုက်တက်အသင်း ၆ နှစ်ဆက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်

.

တောင်ကြီး၊ မတ် ၁၈

.

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ၂၀၂၅/၂၆ ခုနှစ် ဘောလုံးရာသီ၏ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ၆ နှစ်ဆက်တိုက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

.

.

ယခုရာသီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ နောက်ဆုံး ပွဲစဥ် ၂၂ အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် ယနေ့ မတ်လ ၁၈ ရက်၊ ညနေပိုင်းတွင် တောင်ကြီးကွင်း၌ ‌ယှဥ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို မြတ်ကောင်းခန့်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

Tuesday, March 17, 2026

🌸 လားရှိုးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈ ထောင်နှင့် ဘိန်းဖြူများ ဖမ်းမိ

.

လားရှိုး၊ မတ် ၁၈

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ်လ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၇)နေ လောက်ခမ်း (ခ) အားခမ်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၈၀ နှင့် ဘိန်းဖြူ အလေးချိန် ၁၀ ဂရမ်၊ ဒေသကာလတန်ဖိုးငွေကျပ် ၂ သိန်းတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 အလှည့်ကျမီးပေးစနစ် စတင်မည်ဟု ထုတ်ပြန်ကြေညာ

.

တောင်ကြီး၊ မတ် ၁၈

.

ယနေ့ မတ်လ ၁၈ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နွေရာသီ အလှည့်ကျ မီးပေးစနစ် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

နွေရာသီ အပူချိန်မြင့်တက်လာမှုကြောင့် လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းနှင့် ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်ရှိခြင်းတို့ကြောင့် ယခုလို အလှည့်ကျစနစ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

🌸 တောင်ကြီးမှ ရန်ကုန်သွားမည့် ခရီးသည်တစ်ဦးထံက စိတ်ပြောင်းဆေးဝါးများ ဖမ်းမိ

.

တောင်ကြီး၊ မတ် ၁၇

.

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တစ်ဦးထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်၊ ည ၁၀ နာရီခန့်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် ဖြိုးမင်းဇော် ထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန် ၁ ဒသမ ၈၇ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ် ၅၆၁ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Monday, March 16, 2026

🌸 ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

.

တောင်ကြီး၊ မတ် ၁၇

.

ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယနေ့ မတ်လ ၁၇ ရက်၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ က ယမန်နေ့ မတ်လ ၁၆ ရက် ညပိုင်းတွင် သတိပေး နှိုးဆော်ထားသည်။

.

.

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယနေ့ မတ်လ ၁၇ ရက်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုး/ဇလက ထုတ်ပြန်ထားသည်။

🌸 တောင်ကြီးမြို့တော် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

.

တောင်ကြီး၊ မတ် ၁၆

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“ယိမ်းပြိုင်ပွဲတွေလုပ်မယ်။ လမ်းလျှောက်သင်္ကြန်လုပ်မယ်။ အင်းလေးရေပေါ်သင်္ကြန်လုပ်မယ်။ စတုဒိသာ ကျွေးတာတွေ လုပ်မယ်။ ရှမ်းပြည်နယ်ဝန်ကြီးဌာန မဏ္ဍပ်တွေ မိန်းလမ်းပေါ်မှာလုပ်မယ်။ အဓိက ကတော့ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် စည်ကားသိုက်မြိူက်စွာ ကျင်းပပြုလုပ်သွားမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

🌸 တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရှမ်းပြည်နယ်အတွင်း ပျက်ကွက်သူ ၇၃၇ ဦး ရှိ

.

၂၀၂၆ ခုနှစ် ၊ မတ်လ ၁၆ ရက်

.

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်များကို ယနေ့ မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အတွင်းရှိ စာဖြေဌာနအသီးသီးတွင် ဆက်လက်ဖြေဆိုခဲ့ရာ ရှမ်းပြည်နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် ပျက်ကွက်သူ ၇၃၇ ဦး ရှိခဲ့ကြောင်း သိရသည်။

.

.

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ဘာသာရပ် ၂ ခုပေါင်း စာရင်းပေးထားသူ ကျောင်းသား/သူ ၁၇၇၆၁ ဦး ရှိသည့်အနက် ကျောင်းသား/သူ ၁၇၀၂၄ ဦး လာရောက်ဖြေဆိုခဲ့ပြီး စုစုပေါင်း ဖြေဆိုသူ ရာခိုင်နှုန်း ၉၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိကာ ပျက်ကွက်သူ စုစုပေါင်း ၇၃၇ ဦး ရှိခဲ့သည်။