Saturday, June 20, 2026

🌸 တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအနီးတွင် အသံမိုင်း ပေါက်ကွဲမှုများ ဖြစ်ပွား

.

တောင်ကြီး၊ ဇွန် ၂၁

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိအနီးတွင် ယမန်နေ့ ဇွန်လ ၂၀ ရက်၊ ည ၁၁ နာရီခွဲကျော်ခန့်က အသံမိုင်း ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်လေးလုံးကျေးရွာရှိ DENKO စက်သုံးဆီဆိုင် အုတ်တံတိုင်း အနီးတွင်လည်းကောင်း၊ Lucky Green Land စက်သုံးဆီဆိုင် အုတ်တံတိုင်းတွင် လည်းကောင်း၊ တောင်လေးလုံးနှင့် ဟဲဟိုးမြို့အကြား၊ မိုင်တိုင် ၉၆/၉၇ အကြား ပြည်ထောင်စုလမ်းမကြီးဘေးရှိ ရေထွက်မြောင်းပြွန်အတွင်း၌ လည်းကောင်း အသံမိုင်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

 ခြံစည်းရိုးတို့၊ နံရံတို့ကိုပဲ ဖောက်ခွဲတာဆိုတော့ ခြောက်လှန့်တဲ့ သဘော မျိုး ဖြစ်နိုင်ပါတယ်။ ဆီဆိုင်တွေ မှာ ဖြစ်တာဆိုတော့ စဉ်းစားစရာပေါ့။ လမ်းဘေးမှာ ခွဲတဲ့ တစ်လုံးကတော့ ဘာရည်ရွယ်ချက်မှန်း မသိဘူး။ စုံစမ်း စစ်ဆေးမှုတွေ ညကတည်းကနေ ခုထိ လုပ်နေတုန်းပါပဲ ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ အသံမိုင်းပေါက်ကွဲမှုများကြောင့် စက်သုံးဆီဆိုင် အဆောက်အအုံများ၌ မျက်နှာကျက်၊ တံခါး၊ မှန်နှင့် အုတ်တံတိုင်းအချို့ အနည်းငယ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment