Thursday, June 18, 2026

🌸 မူဆယ်တွင် မီးလောင်မှုဖြစ်ပွား

.

မူဆယ်၊ ဇွန် ၁၉

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူပေါက် အနီးရှိ KTV ဆိုင် တ်စခုတွင် ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက် ၈ နာရီခွဲ ခန့်က မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မူဆယ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၅ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိအသင်းများ ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီခန့် တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ များကို မသိရှိရသေးချေ။

.

#ShanGazette #Muse #Fire

.

No comments:

Post a Comment