.
တောင်ကြီး၊ ဇွန် ၁၁
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ကို ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းက
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက်
ရှိကြောင်း သိရသည်။
.
.အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁
ဦးတို့က ကြယ်ပွင့်ပြမေးခွန်း ၁၈ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့်
အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် လွှတ်တော်အစည်းအဝေးတွင် လူမှုရေးနှင့်
စီးပွားရေးဆိုင်ရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်
တိုင်ကြားစာများ စိစစ်ရေးကော်မတီများ၏ လျာထားချက်နှင့် စပ်လျဉ်း၍ လွှတ်တော်၏
အဆုံးအဖြတ် ရယူပြီး ယင်းကော်မတီများကို အတည်ပြုဖွဲ့စည်းသွားရန် ရှိနေကြောင်း
သိရသည်။
.
အလားတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ကော်မတီ၊ ပြည်နယ်သစ်တော၊ သတ္တု၊
သယံဇာတနှင့် သဘာဝပတန်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ် ရေးရာကော်မတီတွင်
ထည့်သွင်းဖွဲ့စည်းမည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို လွှတ်တော်သို့
တင်သွင်းသွားရန် ရှိနေကြောင်း သိရသည်။
.
တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်သို့
တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် ယနေ့
အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၁၁၇ ဦး တက်ရောက်ခဲ့ပြီး ၁၅ ဦး ခွင့်ပန်ကြားကာ
ရာခိုင်နှုန်းအားဖြင့် တက်ရောက်သူ ၈၈ ဒသမ ၆၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.

No comments:
Post a Comment