Wednesday, June 10, 2026

🌸 လားရှိုးတွင် အမျိုးသားတစ်ဦး ရိုက်နှက် ဆိုင်ကယ်လုယက်ခံရပြီး သေဆုံး

.

လားရှိုး၊ ဇွန် ၁၁

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂ ရက်က အမျိုးသားတစ်ဦး ရိုက်နှက် ဆိုင်ကယ် လုယက်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကာ ကျူးလွန်သူကို ၃ ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့တွင်း တစ်နေရာတွင် ဆိုင်ကယ်မောင်းနှင်လာသူကို အမျိုးသားတစ်ဦးက တုတ်ဖြင့်ရိုက်နှက်ကာ ဆိုင်ကယ်လုယက်ခဲ့ခြင်းဖြစ်ကာ အမျိုးသားမှာ ရရှိဒဏ်ရာများကြောင့် ရိုက်နှက်ခံရပြီး ၃ ရက်ခန့်အကြာတွင် ဆေးရုံ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ရိုက်ခံရတဲ့ ကောင်လေးက ဘယ်နေရာမှာ အရိုက်ခံရမှန်း ကောင်းကောင်း မပြောနိုင်ဘူး။ ဘယ်သူရိုက်မှန်း မသိဘူးပေါ့။ တစ်ရက် နှစ်ရက်ကြာတော့ ရတဲ့ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ ဆုံးသွားတာပါ။ ပထမတော့ လုယက်မှုနဲ့ အမှုဖွင့်တာပေါ့။ နောက် လူသတ်မှု ပြောင်းဖွင့်လိုက်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းရင်းနဲ့ ကျူးလွန်တဲ့ သူ ပေါ်သွားတာပေါ့” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ အမှုမှ ကျူးလွန်သူကို သက်သေခံပစ္စည်းများနှင့်အတူ ဇွန်လ ၆ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး လားရှိုးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment