.
တာချီလိတ်၊ ဇွန် ၂၃
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ
အမှတ် (၁) ချစ်ကြည်ရေးတံတားလမ်းအား ယမန်နေ့ ဇွန်လ ၂၂ ရက်၊ ညနေပိုင်းက
နိုင်လွန်ကတ္တရာ (AC) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
.
.အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းအတွက် မြို့မိမြို့ဖများ၊
လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ၏ ပံ့ပိုး ကူညီ လှူဒါန်းမှုများဖြင့်
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ အကောင်အထည်ဖော်
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
.
လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက်
ဂိတ်ပိတ်ချိန် ညနေ ၆ နာရီနောက်ပိုင်း Main Gate တံခါးမကြီး အား
မဖွင့်ဘဲ အမှတ်(၁) ချစ်ကြည်ရေးတံတားလမ်းတစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment