Monday, June 22, 2026

🌸 မူဆယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်သူ ၅၉ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိ

.

မူဆယ်၊ ဇွန် ၂၃

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ ဇွန်လ ၂၂ ရက်၊ နေ့လယ်ပိုင်းက အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပြုလုပ်နေသူ ၅၉ ဦးကို လုပ်ငန်းသုံး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

လုံခြုံရေး ပူးပေါင်းအဖွဲ့များသည် ယမန်နေ့ ဇွန်လ ၂၂ ရက်၊ မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်က မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်စစ်ဆေးရှာဖွေရာ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၅၉ ဦးတို့အား ဖုန်းမျိုးစုံ ၂၀၀ လုံး၊ All In One ကွန်ပျူတာ ၁၀ လုံး၊ Laptop ၅ လုံး၊ ဆိုင်ကယ်မျိုးစုံ ၁၀ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တာချီလိတ်မြို့၊ အမှတ် (၁) ချစ်ကြည်ရေးတံတားလမ်းတွင် နိုင်လွန်ကတ္တရာလမ်းခင်း

.

တာချီလိတ်၊ ဇွန် ၂၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အမှတ် (၁) ချစ်ကြည်ရေးတံတားလမ်းအား ယမန်နေ့ ဇွန်လ ၂၂ ရက်၊ ညနေပိုင်းက နိုင်လွန်ကတ္တရာ (AC) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းအတွက် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ၏ ပံ့ပိုး ကူညီ လှူဒါန်းမှုများဖြင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။