.
တောင်ကြီး၊ ဇွန် ၂၁
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တလုံးကြီးလမ်းမပေါ်တွင် ယနေ့ ဇွန်လ ၂၁ ရက်၊ နံနက်
ပိုင်းက အမျိုးသား ၂ ဦး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ဖမ်းဆီးရမိခဲ့ပြီး
ကွင်းဆက်တရားခံ ၂ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊
မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ ဇွန်လ ၂၁ ရက်၊
နံနက် ၁၁ နာရီခန့်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၃)၊
ကျောက်တလုံးကြီး လမ်းမကြီးပေါ်တွင် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် ယင်းလမ်းအတိုင်း
တောင်ဘက်မှ မြောက်ဘက်သို့ ခွန်ကျော်ဝေဖြိုး (ခ) ဖြိုးနှင့် နေမျိုးထွန်း (ခ)
တက်တိုး တို့ စီးနင်းလိုက်ပါလာသည့် Honda Wave-110
ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်မောင်းနှင်သူ ခွန်ကျော်ဝေဖြိုး (ခ)
ဖြိုး လွယ်ထားသော အနက်ရောင်လွယ်အိတ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါးဟု ယူဆရသော WY
စာတမ်းပါ လိမ္မော်ရောင် ဆေးပြား ၃၀၀၀၀ ပြား၊ စုစုပေါင်းအလေးချိန် ၂
ဒသမ ၇ ကီလိုဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။




