.
အောင်ပန်း၊
ဇွန် ၂၂
.
ကလောမြို့တွင်
ဇွန်လ ၁၉ ရက်၊ ညပိုင်းက အွန်လိုင်းစလော့ဂိမ်း ကစားနေသူ အမျိုးသား ၂ ဦးကို ဖမ်းဆီး ခံခဲ့ရကြောင်း
သိရသည်။
.
.ကလောမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၉ ရက်၊ ည ၇ နာရီခန့်က လှည့်ကင်းဆောင်ရွက်နေစဉ်
ကလောမြို့၊ ရပ်ကွက် (၇)၊ ဗောဓိကုန်းဘုန်းကြီးကျောင်း အနီးတွင် အမျိုးသား ၂ ဦးအား
စစ်ဆေးရာ စလော့ ဂိမ်း ဆော့နေကြောင်း တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ
တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား ၂ ဦးအား ကလောမြို့မရဲစခန်းတွင်
လောင်းကစားဥပဒေ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #KaLaw #SlotGame
.

No comments:
Post a Comment