Tuesday, June 23, 2026

🌸 လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၃၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

.

လားရှိုး၊ ဇွန် ၂၃

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ဇွန်လ ၁၉ ရက်၊ ညပိုင်းက ငွေကျပ် သိန်း ၃၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၉ ရက်၊ ည ၇ နာရီခန့်က လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအနီးတွင် ဘရန်နန် မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၇၂၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ် ၃၆၀ အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဘရန်နန် အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Lashio #Drugs

.

No comments:

Post a Comment