.
လားရှိုး၊ ဇွန် ၂၃
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင်
ဇွန်လ ၁၉ ရက်၊ ညပိုင်းက ငွေကျပ် သိန်း ၃၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား
သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၉ ရက်၊ ည ၇ နာရီခန့်က လားရှိုးမြို့နယ်၊
မယ်ဟန်ကျေးရွာအနီးတွင် ဘရန်နန် မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ
စိတ်ကြွဆေးပြား ၇၂၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ် ၃၆၀ အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
