.
တာချီလိတ်၊ ဇွန် ၂၁
.
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏
လမ်းညွှန်မှုဖြင့် တာချီလိတ်မြို့ ခုတင် ၁၀၀ ဆံ့ ခရိုင် ပြည်သူ့ဆေးရုံမှ
အထူးကုဆရာဝန်များပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ယနေ့ ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့နယ်၊
လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား
အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
.အဆိုပါ ဆေးကုသရေးအဖွဲ့တွင်
ခွဲစိတ်ရောဂါအထူးကုဆရာဝန်၊ သမားတော်အထူးကုဆရာဝန်၊ သွားနှင့် ခံတွင်းအထူးကုဆရာဝန်၊
အထွေထွေရောဂါဆရာဝန်များနှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများ ပါဝင်ပြီး
ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို စမ်းသပ်စစ်ဆေး၍
လိုအပ်သည့် ဆေးဝါးကုသမှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ဆေးကုသမှုလုပ်ငန်းများ
အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်
ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက လူနာများအား လမ်းညွှန်ကူညီဆောင်ရွက်ပေးခြင်းနှင့်
လိုအပ်သည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွင်း ခွဲစိတ်လူနာ ၂၈ ဦး၊ သမားတော်လူနာ ၄၄
ဦး၊ သွားနှင့်ခံတွင်းလူနာ ၃၂ ဦး၊ အထွေထွေရောဂါလူနာ ၆၈ ဦး စုစုပေါင်း လူနာ ၁၇၂
ဦးအား အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် တာချီလိတ်ခရိုင်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(ကျန်းမာပညာ)နှင့်အဖွဲ့သည်
လာရောက်ပြသသည့် ပြည်သူများနှင့် အခြားသူ စုစုပေါင်း ၉၀ ဦးအား
ကျန်းမာရေးအသိပညာပေးခြင်း၊ ကလေးများ၏ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအခြေအနေ
စစ်ဆေးခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာခြင်း၊ အာဟာရဆိုင်ရာ အသိပညာပေးခြင်းနှင့်
ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
.
အလားတူ အထူးကုသမားတော်များနှင့် ပြသပြီးသော
လူနာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ လူဦးရေ ၅၄ ဦးအား
ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးစိမ်ခြင်ထောင် အလုံး ၅၀ ကိုလည်း ဖြန့်ဝေပေး ခဲ့ကြောင်း
သိရသည်။
.
#ShanGazette #Tachileik #Health
.

No comments:
Post a Comment