.
ဇွန်၊ ၂၁
.
နာမည်ကျော် အစီအစဉ်တင်ဆက်သူ ယူဂျယ်ဆော့နဲ့
သရုပ်ဆောင် ယူယွန်းဆော့ တို့နှစ်ဦး ပါဝင်ထားတဲ့ “Whenever Possible” Season 5 ထွက်ရှိလာတော့မယ့်အကြောင်း SBS က
အတည်ပြုလိုက်ပါတယ်။
.
.ဒီအစီအစဉ်က နိုင်ငံတဝှမ်းကနေ ပါဝင်ချင်သူ
ပရိသတ်တွေဆီကို ကိုယ်တိုင်သွားရောက်၊ ဂိမ်းကစားပြီး တန်ဖိုးကြီးဆုတွေ
ပေးတဲ့အစီအစဉ်မို့ ပရိသတ်အကြိုက်ဆုံး အစီအစဉ်တွေထဲက တစ်ခုဖြစ်သလို SBS ရုပ်သံရဲ့ လူကြိုက်အများဆုံး Variety Show အစီအစဉ်တစ်ခုလည်း
ဖြစ်နေတာပါ။
.
ဇွန်လ ၁၉ ရက်မှာ
ပါဝင်လိုသူတွေလျှောက်ထားလို့ရတဲ့ ကြေညာချက်ကို SBS က
ထုတ်ပြန်ခဲ့ပြီး Season အသစ် စတင်ပြီဖြစ်တဲ့အကြောင်း
တရားဝင်အသိပေးခဲ့တာပါ။
.
ဒီအစီအစဉ်ရဲ့ ပရိုဂျုဆာဖြစ်တဲ့ ချွဲဘိုဖီက
အရင်တုန်းက ရန်းနင်းမန်း ကို ရိုက်ကူးခဲ့တဲ့ ပရိုဂျူဆာဖြစ်ပြီး Variety
Show ပရိုဂျုဆာတွေထဲမှာ နာမည်ကြီးသူပါ။
.
“Whenever Possible” က Season
အသစ်မှာ ပရိသတ်တွေ၊ ကြည့်ရှုသူတွေ ပိုပြီး ရင်ခုန်ခံစားနိုင်ဖို့
ကျွန်တော်တို့ ကြိုးစားသွားမှာပါ လို့ ဘိုဖီက ပြောဆိုထားပါတယ်။
.
ဒီအစီအစဉ်ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ
စတင်ထုတ်လွှင့်ခဲ့ပြီးတဲ့နောက် ပရိသတ်တွေအကြိုက်ဆုံး Variety Show တွေထဲက တစ်ခုဖြစ်လာခဲ့ပြီး အပိုင်းတိုင်းမှာ ပါဝင်လာတဲ့
ဧည့်သည်သရုပ်ဆောင်တွေကလည်း အစီအစဉ်ရဲ့စိတ်ဝင်စားမှုကို မြင့်တက်လာစေခဲ့တာပါ။
.
“Whenever Possible” Season 5 ကို ၂၀၂၆ ခုနှစ် ဩဂုတ်လမှာ ထုတ်လွှင့်ပြသသွားနိုင်ဖို့ ရည်ရွယ်ထားပြီး
အသေးစိတ်အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ SBS က အသိပေးထား ပါသေးတယ်။
.
Source – Soompi
.
#ShanGazette #Entertainment
.

No comments:
Post a Comment